International News

ငွေကြေးချမ်းသာသူများမှငွေသားများကို စင်ကာပူဘဏ်သို့ ပြောင်းရွှေ့လိုက်ခြင်းကြောင့် ဟောင်ကောင်‌ဒေသအတွက် ဆုံးရှုံးမှုများပေါ်ခဲ့ကြောင်း UBS ကပြောကြားခြင်း

Last Updated:

နိုင်ငံတကာငွေကြေးစင်တာ တစ်ခုဖြစ်သည့် ဟောင်ကောင်‌ဒေသနှင့် ယှဉ်ပြိုင်ဘက်ဖြစ်သည့် စင်ကာပူနိုင်ငံက ဟောင်ကောင်ဒေသကို ကျော်လွန်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ဘဏ်များသို့ ငွေသားများပြောင်း‌ရွှေ့ရာတွင် ဟောင်ကောင်ဒေသထက် စင်ကာပူနိုင်ငံသို့ ပြောင်းရွှေ့ရန် UBS ရှိ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များကို အာရှ ပစိဖိတ်ဒေသရှိ Swiss Bank ဥက္ကဋ္ဌ Mr. Edmund Koh ကပြောကြားလိုက်ကြောင်း၊ ၂၀၁၉ ခုနှစ်က စင်ကာပူနိုင်ငံတွင် ဘဏ်အ‌ကောင့်သစ်များ ပိုမိုဖွင့်ခဲ့သော်လည်း ဟောင်ကောင်ဒေသမှ ငွေသားများ သိသိသာသာ ပြောင်းရွှေ့သွားခြင်းမရှိကြောင်း၊ ၂၀၁၉ ခုနှစ်က ပြင်ပသို့ ဟောင်ကောင်‌ဒေသ၏ အသားတင်ငွေသားထွက်ရှိမှုမှာ ဟောင်ကောင်ဒေါ်လာ (၂၅၅.၂) ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၂.၉၃) ဘီလီယံရှိခဲ့ရာ (၂၀၁၈) ခုနှစ်ထက် ဟောင်ကောင်ဒေါ်လာ (၁၆၅.၉) ဘီလီယံ မြင့်မားခဲ့ကြောင်း၊ COVID-19 ကြောင့် ဟောင်ကောင်‌ဒေသ၏ စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်၊ ပထမ လေးလပတ် အတွင်း (၈.၉) ရာခိုင်နှုန်း လျော့ကျခဲ့ပြီး အနာဂတ်တွင် ပိုမိုဆိုးရွားသည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ အာရှဒေသမှ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးများကလည်း စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းချိန်တွင် ရှယ်ယာများဝယ်ယူ၍ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကုမ္ပဏီများတည်ထောင်ရန်လုပ်ကိုင်လာကြောင်း၊ စီးပွားရေးလုပ်ငန်းတစ်ခုလုံးအား ၎င်းတို့ ပိုင်ဆိုင်နိုင်ရန် ဝယ်ယူ၍ရနိုင်မည့် ပုဂ္ဂလိက ဈေးကွက်များကိုရှာဖွေလာကြောင်း၊ လေကြောင်းလိုင်း၊ အဆောက်အဦနှင့် ဈေးဝယ်စင်တာများ၏ ဈေးကွက်များ လျော့နည်းခြင်းနှင့် စားသုံးသူများ၏ ဝယ်ယူစားသုံးမှု အလေ့အထများလည်း ပြောင်းလဲလာကြောင်း၊ အာရှလေကြောင်းလိုင်း လုပ်ငန်းတွင် Virgin Australia လေကြောင်းလိုင်းသည် ဧပြီလတွင် ပြိုလဲခဲ့ကြောင်း၊ စင်ကာပူ လေကြောင်းလိုင်းမှ မတ်လတွင် ရှယ်ယာရှင်များအား စင်ကာပူဒေါ်လာ (၅.၃) ဘီလီယံ ထုတ်ပေးခဲ့ကြောင်း၊ COVID-19 ဖြစ်ပွားရာ စီးပွားရေးလုပ်ငန်းများ ကျဆင်း မှုများဖြစ်သောကြောင့် လုပ်ငန်းများပေါင်းစပ်လုပ်ကိုင်သင့်သည်ဟု လုပ်ငန်းကို ထိန်းချုပ်လုပ်ကိုင်သူများက ထောက်ခံမည့် အခွင့်အလမ်းပိုများလာကြောင်း၊ ဘီလျံနာ သူဌေးများကလည်း ငွေကြေးကဏ္ဍ အဆင်ပြေချောမွေ့စေရန် အခွင့်အလမ်းများ ရရှိပါက လုပ်ငန်းများကို ဆက်လက် ဝယ်ယူမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၈ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌  Alison Tudor-Ackroyd က “Hong Kong has lost out on rich people’s fresh funds to Singapore so far this year, UBS says” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News